Friday, August 14, 2015

Shaun the Sheep 2015 720P 600 MB


ဒီနေ့တော့ ရယ်ရယ်မောမောလေးကြည့်ရမယ့် သိုးကလေးရွှန်ရဲ့ အင်န်နီမေးရှင်း ဇာတ်ကားလေး အကြောင်း ဖော်ပြလိုက်ပါတယ်။ ရွှန်ရဲ့ တီဗီစီးရီးတွေ ကြည့်ဖူးသူ တွေကတော့ ရွှန်ဘယ်လောက် မွှေသလဲဆိုတာ သိကြတာမို့ အခု ရုပ်ရှင်အနေနဲ့ ထွက်လာတဲ့အခါ မှာ သူဘာတွေလုပ်ဦးမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

ရွှန်ဟာ သူ့ယာခင်းမှာတော့ အင်မတန်မွှေတဲ့ကောင်လေးပါ။ သိုးအကောင်တွေရေနေတဲ့ သူ့ သခင်လယ်သမားကြီးကို နောက် ပြောင်ပြီး အိပ်ပျော်အောင်လုပ်ခဲ့ ပါတယ်။ အဲဒီနောက် လယ်သမား ကြီးအိပ်နေတုန်း ကားအိမ်လေး ပေါ်တက်ဆော့ရာကနေ မြို့ထဲ သွားတဲ့လမ်းအတိုင်း ကားအိမ် လိမ့်သွားခဲ့ပါတယ်။

ကားအိမ်ထဲမှာ အိပ်ပျော်နေ တဲ့လယ်သမားကြီးခေါင်း ထိခိုက် မိပြီး ဆေးရုံ ရောက်သွားခဲ့ပါ တယ်။ လယ်သမားကြီးက အ တိတ်မေ့သွားခဲ့ပြီး ဆေးရုံကဆင်း တဲ့အခါမှာ မစ္စတာအိတ်စ်ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ဖြစ်သွား ကာ သူ့မှတ်ဉာဏ်ထဲမှာတော့ သိုး မွေးရိတ်နေတာကလွဲရင် ဘာမှကိုမမှတ်မိပါဘူး။

       လယ်သမားကြီးမရှိရင် လယ် တောမှာ ရပ်တည်လို့ မဖြစ်တာ ကြောင့် ရွှန်နဲ့အဖွဲ့ဟာ မြို့တက် ပြီး သူတို့သခင်ကိုရှာဖို့လုပ်ခဲ့ပါ တယ်။ မြို့ထဲကို တိရစ္ဆာန်တွေဝင် ခွင့်မရှိတာကြောင့် တိရစ္ဆာန်ထိန်း သိမ်းရေးအဖွဲ့တွေရန်က ရှောင် ရင်း လူပုံစံဖန်တီးပြီး လယ်သမား ကြီးကိုရှာခဲ့ကြပါတယ်။ လူပုံစံ
ဖန်တီးရင်း မြို့ထဲသွားတဲ့ ဇာတ်ကွက် တွေမှာ ရွှန်တို့အဖွဲ့ ကမောက်ကမဖြစ်တာလေးတွေက ဟာသ မြောက်လို့ ပရိသတ်တွေ သဘောကျမှာ သေချာပါတယ်။

လယ်တောက ခွေးစလစ်က လယ်သမားကြီး ရှိတဲ့နေရာကို သိတာကြောင့် ရွှန်တို့ကိုခေါ်သွား ခဲ့ပြီး လယ်သမားကြီးက ရွှန်ကို မမှတ်မိခဲ့ပါဘူး။ အဲဒီအတွက် ရွှန် ကြေကွဲခဲ့ပြီး အတိတ်မေ့နေတဲ့ အခြေအနေကို မသိတာကြောင့် သူ့သခင်ကို အထင်လွဲခဲ့ပါတယ်။

အဲဒီနောက်တော့ လယ် သမားကြီး အတိတ်မေ့နေတဲ့ အခြေအနေကို သိသွားခဲ့တာကြောင့် သူ့သခင်မှတ်ဉာဏ်ပြန်ရဖို့နဲ့ လယ်တောကိုအားလုံးအတူတူပြန်နိုင်ဖို့ အရေး ရွှန်ဘယ်လိုကြံဆောင်မလဲ ဆိုတာကြည့်လိုက်ကြပါဦးနော်။

Blueray 720P ကို file size 600 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : Available
  • Duration: 85 Minutes
  • Release Date : 8 August 2015
  • Production : Universal Pictures
  • Genre : Animation | Adventure | Comedy
  • Director : Mark Burton, Richard Starzak
  • Cast : Justin Fletcher, John Sparkes, Omid Djalili


Synopsis Shaun the Sheep

When Shaun decides to take the day off and have some fun, he gets a little more action than he bargained for. A mix up with the Farmer, a caravan and a very steep hill lead them all to the Big City and it's up to Shaun and the flock to return everyone safely to the green grass of home.

PCLOUD ကနေဒေါင်းရတာအဆင်မပြေရင် ဒီနေရာလေးကိုနှိပ်ပြီး ဖတ်ပေးပါ။ ပုံနဲ့ရှင်းပြထားပါတယ်။

How To Download


  • **  Step-1.အောက်က Download Here ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 sec " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နား "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud (or) Uptobox Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD


DOWNLOAD FROM UPTOBOX

Share:

0 comments:

Post a Comment

Movie7plus Facebook Page

Disclaimer

Movie7plus is not associated with Fmovies,
123movies, Putlocker, Xmovies8, Online
movies, Watchfree sites. We do not host
any videos on movie7plus. Movie7plus
is absolutely legal and contains only links
to other third party sites like Youtube,
Uptobox, Mediafire, Google, Picasaweb,
Dailymotion. Movie7plus is not responsible
for the compliance, copyright, legality,
decency, or any other aspect of the content
of other linked sites.If you have any legal
issues please contact the appropriate
media file owners or linked hosting websites.