Wednesday, December 30, 2015

I Robot (2004) မြန်မာစာတန်းထိုး


မင်းသားကြီး ၀ီလ်စမစ် ရဲ့ နာမည်ကျော်ဇာတ်ကားတွေထဲက
တစ်ကားဖြစ်ပါတယ်။ IMDB Ratings 7.1 အထိ ရရှိထားတဲ့
Action, Mystery, Sci-Fi အမျိုးအစားဇာတ်ကားပါ။
တော်တော်များများ သိပြီးသားပါ။ 2035 ခုနှစ်မှာ စက်ရုပ်တွေကို အလွန်အကျွံသုံးစွဲ
လာခဲ့ပြီးတော့ တစ်နေ့မှာ အဲဒီ စက်ရုပ်တွေထဲမှာ စနစ် ချွတ်ယွင်းပြီးတော့ ထိန်းချုပ်မှု
ကင်းမဲ့လာခဲ့ပြီးလူသားတွေအတွက်......... ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့  မြန်မာစာတန်းထိုးလေးနဲ့ ဆက်လက်ရှုစားလိုက်ပါဦး
မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။

Blueray 720P ကို file size 540 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : မြန်မာစာတမ်းထိုး
  • Duration: 113 Minutes
  • Release Date : 16 July 2004 (USA)
  • IMDB Rating : 7.1/10
  • Genre : Action, Mystery, Sci-Fi
  • Director : Alex Proyas
  • Cast : Will Smith, Bridget Moynahan, Bruce Greenwood


Summary of I Robot 2004

In 2035 a technophobic cop investigates a crime that may have been
perpetrated by a robot, which leads to a larger threat to humanity.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Wednesday, December 23, 2015

Crimson Peak 2015 မြန်မာစာတန်းထိုး


သရဲဝတ္ထုတွေရေးဖွဲ့ဖန်တီးတာ ၀ါသနာထုံတဲ့ အီဒစ် ဆိုတဲ့ အမျိုးသမီးလေးက
 တစ်မြို့တစ်ရွာက သောမတ်ရှပ်ဆိုတဲ့ ထူးဆန်းတဲ့လူစိမ်းတစ်ယောက်နဲ့
လက်ထပ်ဖြစ်ခဲ့ပြီး. သောမတ်ရဲ့ ဇာတိမြို့လေးက သွေးအရောင်ရွှံ့စေးထွက်တဲ့ ကြက်သွေးရောင်တောင်ကုန်းပေါ်ရှိထူးဆန်းတဲ့အိမ်အိုကြီးထဲမှာ
သောမတ်၊ သောမတ်အစ်မတော်စပ်သူ လူဆီး နှင့် သူမတို့အတူနေရာမှ
ကြောက်ရွံ့ထိတ်လန့်ဖွယ် ...ဖြစ်ရပ်တွေကို အီဒစ်တစ်ယာက်ဘယ်လိုကြုံတွေ့ ရမယ်ဆိုတာတော့
Cirmson Peak ဇာတ်ကားကနေ သည်းထိပ်ရင်ဖိုခံစားကြရမှာဖြစ်ပါတယ်
ကြည့်ဖြစ်အောင် ကြည့်စေချင်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပေမယ့် တစ်ချို့ ဇာတ်ဝင်ခန်းတွေက
သွေးထွက်သံယိုပါတာမို့ ကလေးငယ်တွေနဲ့တော့ မကြည့်သင့်ပါဘူး

Blueray 720P ကို file size 500 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : မြန်မာစာတမ်းထိုး
  • Duration:  119 Minutes
  • Release Date : 16 October 2015
  • IMDB Rating : 6.8/10
  • Genre : Drama, Fantasy, Horror
  • Director : Guillermo del Toro
  • Cast : Mia Wasikowska, Jessica Chastain, Tom Hiddleston


Summary of Crimson Peak 2015

In the aftermath of a family tragedy, an aspiring author is torn between
love for her childhood friend and the temptation of a mysterious outsider.
Trying to escape the ghosts of her past, she is swept away to a house
that breathes, bleeds - and remembers.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Tuesday, December 22, 2015

Star Wars The Force Awakens 2015 HD-TS-CAM


အားလုံးဘဲစောင့်မျှော်နေကြတဲ့ Star War VII 2015 လာပါပြီ
စောစောစီးစီး movie7plus ရဲ့ ပရိတ်သတ်တွေ ကြည့်ချင်ရင် ကြည့်လို့ရအောင်
CAM (ရုံကူး) ထဲကမှ အကြည်ဆုံး ဖြစ်တဲ့ HD-TS CAM အရည်အသွေးနဲ့
တင်ပေးလိုက်ပါတယ်။ မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

HD-TS CAM 520P ကို file size 500 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : စာတမ်းထိုးမထွက်ရှိသေးပါ
  • Duration:  132 Minutes
  • Release Date : 18 December 2015 (USA)
  • IMDB Rating : 8.3/10
  • Genre : Action, Adventure, Fantasy
  • Director : J.J. Abrams
  • Cast : Daisy Ridley, John Boyega, Oscar Isaac 



Summary of Star Wars The Force Awakens 2015 HD-TS-CAM

Three decades after the defeat of the Galactic Empire, a new threat arises.
The First Order attempts to rule the galaxy and only a rag-tag group
of heroes can stop them, along with the help of the Resistance.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Monday, December 21, 2015

Dilwale Dulhania Le Jayenge 1995 မြန်မာစာတန်းထိုး


ဒီဇာတ်ကားကတော့ လွန်ခဲ့တဲ့ နှစ် 20 က ဘောလိဝုဒ်ရဲ့ ဘုရင်ကြီးလို့ တင်စားခေါ်ဝေါ်ရမယ့်
ရှာရွတ်ခန်းရဲ့ ဘုန်းမီးနေလ အတောက်ပဆုံးအချိန်က အောင်မြင်ကြော်ကြားခဲ့တဲ့ ဇာတ်ကား
တစ်ကားပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ ကျနော် ဒီဇာတ်ကားရဲ့ နံပတ် 2 လို့ ပြောလို့ရတဲ့
Dilwale (2015) ကို တင်ပေးခဲ့ပြီးပါပြီ။ အခု ဒီဇာတ်ကားကိုလည်း မြန်မာစာတန်းထိုးနဲ့ ထပ်ပြီး
တင်ပေးလိုက်ပါတယ်။ ဇာတ်ကားအညွှန်းတော့ မပေးတော့ဘူးနော်။
မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။


 ဒီဇာတ်ကားဟာ သာမန် ဇာတ်ကား (၂) ကားစာလောက် (၃) နာရီ (10) မိနစ်တိတိ 
 အချိန်ကြာမြင့်တဲ့အတွက် ဖိုင်ဆိုဒ်က 500 MB နဲ့ ဘယ်လိုမှ အဆင်မပြေလို့
980 MB နဲ့ တင်ပေးထားပါတယ်။ အရည်အသွေးကတော့ တင်နေကျအတိုင်း
 HD 720P (1280 x 720) ပါဘဲ။ 

  • Subtitle : မြန်မာစာတမ်းထိုး
  • Duration:  160 Minutes
  • Release Date : 20 October 1995 (India)
  • IMDB Rating : 8.3/10
  • Genre : Comedy, Drama, Musical
  • Director : Aditya Chopra
  • Cast : Shah Rukh Khan, Kajol, Amrish Puri


Summary of Dilwale Dulhania Le Jayenge 1995

A young man and woman - both of Indian descent but born and raised in Britain
fall in love during a trip to Switzerland. However, the girl's traditional father takes
her back to India to fulfill a betrothal promise.






How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Sunday, December 20, 2015

Dilwale 2015 480P DVDSCR 720 MB


ဒီဇတ်ကားလေးကတော့ ဘောလိဝုဒ်ရဲ့ ဘုရင်ကြီး ရှာရွတ်ခန်းရဲ့ 1995 က အောင်မြင်ကျော်ကြား
လူကြိုက်များခဲ့တဲ့ Dilwale Dulhania Le Jayenge ဇာတ်ကားကို နှစ် 20 ပြည့်
အထိမ်းအမှတ် ပုံစံမျိုးနဲ့ ပြန်လည် ဆန်းသစ်ပြီး ရိုက်ကူးထားတဲ့ ဇတ်ကားတစ်ကားဖြစ်ပါတယ်

အချစ်၊ ဂီတ၊ အက်ရှင်၊ ဟာသရသစုံပါတဲ့ ဒီဇာတ်ကား လေးမှာ အဆင့်မြင့်တဲ့ရိုက်ချက် တွေ၊ ရှုခင်းတွေနဲ့ ဘောလိဝုဒ် ကားတွေမှာ မပါမဖြစ်တဲ့ အက အလှတွေမြင်ရမယ့်အပြင် မင်း သမီးက ဂျိုးလ်နဲ့ မင်းသားရှာရွတ် ခန်တို့ရဲ့ ငါးနှစ်ကြာပြီးမှ အတူတွဲ ရိုက်ဖြစ်လို့ သေချာပေါက်မြည်း စမ်းသင့်တယ်လို့ ဆိုချင်ပါတယ်။

ရင်ထဲမှာ နာကျင်နေတဲ့ ခံစားမှုကြီးနဲ့ ဘယ်သူကမှ မနှုတ် ဆက်ချင်ကြလို့ အဲဒီအရာနဲ့ပတ် သက်ပြီးတော့လည်း မပြောပြ ချင်၊ မဖြေရှင်းချင်ကြပါဘူး။ ရက်ဂ်ျနဲ့မီရာတို့ဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တစ်ဦးအပေါ်တစ် ဦး အမုန်းတရားတွေနဲ့ ခွဲခွာပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြပါ တယ်။ နှစ်ဖက် အသိုင်းအဝိုင်း ကြားက ပဋိပက္ခတွေကြောင့် အ ဝေးဆုံးလမ်းကိုရောက်ခဲ့ကြပေ မယ့် ၁၅ နှစ်လောက်ကြာအပြီးမှာ တော့ ရက်ဂ်ျတို့နှစ်ဦး ပြန်ဆုံဖို့အ ကြောင်းဖန်လာခဲ့ပါတယ်။

မတည့်တဲ့အသိုင်းအဝိုင်းနှစ် ခု ပြန်ဆုံတဲ့အခါ ဘာတွေဆက် ဖြစ်မှာလဲ။ ဝေးကွာနေခဲ့တဲ့ ချစ် သူတွေ လက်တွဲခွင့်အတွက် ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမှာလဲဆိုတာ တင်ဆက်ထားတာ ပါ။ အရမ်းလှတဲ့ရှုခင်းတွေကြည့် ရတာနဲ့တင် တန်နေပြီလို့ဆိုနိုင်တဲ့ ဒီဇာတ်ကားလေးကို ရုပ်ရှင်ဝေဖန် ရေးသမားတွေက ကောင်းတဲ့မှတ် ချက်တွေပေးထားတာမို့ မိသားစု နဲ့အတူ သွားကြည့်လိုက်ပါဦးလို့..။


DVDScr 480P ကို file size 720 MB နဲ့တင်ပေးထားပါတယ်။

ဇာတ်ကားကြာမြင့်ချိန် (၂) နာရီ မိနစ် (30) ထိ ရှိတာကြောင့်
ဖိုင်ဆိုဒ်ကို 500 MB နဲ့ ဘယ်လိုမှအဆင်မပြေတဲ့အတွက်
720 MB နဲ့ တင်ပေးထားပါတယ်။


မှတ်ချက်။ Dilwale Dulhania Le Jayenge 1995 ကိုလည်း မြန်မာစာတမ်းထိုးနဲ့
မနက်ဖြန် ညနေလောက်ကို တင်ပေးပါဦးမယ်။ 
  • Subtitle : စာတမ်းထိုးမထွက်ရှိသေးပါ
  • Duration:  153 Minutes
  • Release Date : 18 December 2015 (USA)
  • IMDB Rating : 6.5/10 
  • Genre : Action , Comedy, Crime
  • Director : Rohit Shetty
  • Cast : Shah Rukh Khan, Kajol, Kriti Sanon


Summary of Dilwale 2015

The children of two competing families meet again after a 15-year separation.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Thursday, December 17, 2015

The Martian 2015 မြန်မာစာတန်းထိုး


ဒီ 2015 ထဲမှာ ထွက်ရှိခဲ့တဲ့ သိပ္ပံဇာတ်ကားတွေထဲက ဇတ်ကားကောင်း တစ်ကား ဖြစ်ပြီးတော့
imdb rating 8.2 ရရှိထားပြီး Adventure, Drama, Sci-Fi အမျိုးအစား ဇာတ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာတော့ မင်းသား Mark ရဲ့ ...... အင်္ဂါဂြိုလ်ပေါ်က အထီးကျန် တစ်ယောက်တည်း
ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်ပေါင်းများစွာကို တွေ့မြင်ခံစားရမှာပါ။ ဒီဇာတ်ကားထဲမှာ ကျနော်
အကြိုက်ဆုံး ဇတ်ဝင်ခန်းတစ်ခု ရှိပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခု ..................
ကျွမ်းကျင်တဲ့နယ်ပယ်တစ်ခုမှာ ဘယ်အထက်အရာရှိကိုမှ ဖော်လံမဖားဘူးဆိုတဲ့ စိတ်ဓါတ်လေးကို
ရိုက်ပြသွားတဲ့ ပြကွက်လေးပါ။ နာဆာရဲ့ ဒါရိုက်တာ ....... တစ်ယောက်နဲ့ စကားပြောနေချိန်
အလုပ်အတွက် သရုပ်ပြချိန်မှာ ချက်ချင်းမတိုင်းမဆွ ခေါ်သုံးလိုက်တဲ့ ပြကွက်လေးပါ။ ..........
ဇာတ်လမ်းရဲ့ 1:24:00 မိနစ်လောက်မှာ ရှိပါတယ်။ ကိုယ်တိုင် ခံစားကျိလိုက်ပါ..........

ဇတ်လမ်းအကျဉ်း

မားစ်ဂြိုဟ်ကို လေ့လာရေး သွားခဲ့တဲ့ အာကာသယာဉ် Ares III ဟာ ပြင်းထန်တဲ့ မုန်တိုင်းနဲ့ ကြုံခဲ့ပြီးနောက်မှာ အာကာသ ယာဉ်မှူး မာ့ခ်ဝတ်နေ ပျောက်ဆုံးခဲ့တာကြောင့် သေဆုံးသွားပြီလို့ ယူဆခဲ့ကြပါတယ်။ မားစ်လေ့ လာရေးအဖွဲ့ခေါင်းဆောင် မလစ် ဆာလူးဝစ်က တခြားအဖွဲ့ဝင်တွေ ပါ အန္တရာယ်ရှိမှာစိုးရိမ်ပြီး ဂြိုဟ် ကနေ ထွက်ခွာခဲ့ပါတယ်။ သေပြီ လို့ ထင်နေကြတဲ့ မာ့ခ်ဟာ
တကယ်တော့  အသက်ရှင်လျက် ကျန်နေပြီး စက်ပစ္စည်းတွေ ချို့ယွင်းကုန်တာကြောင့်
နာဆာနဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ မာ့ခ်ဟာ မားစ်ဂြိုဟ်ပေါ်မှာ သုံးနှစ်လောက် နေထိုင်ရဖွယ်ရှိ
တယ်လို့ ခန့်မှန်းမိတာကြောင့် ယာယီစခန်းတစ်ခု ဖန်တီးပြီး သူ တတ်ကျွမ်းတဲ့ ရုက္ခဗေဒပညာနဲ့ အပင်တွေစိုက်ခဲ့ပါတယ်။ မားစ် စူးစမ်းလေ့လာရေးယာဉ် Ares IV ရပ်နားတဲ့ အခြေစိုက်စခန်းကို သွားရှာဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။ မားစ်ဂြိုဟ်ပေါ်မှာ သူလှည့်လည်သွားလာတဲ့ လမ်းတစ်လျှောက် တွေ့တာတွေကို ဗီဒီိယိုတွေ မှတ်တမ်းတင်ရိုက်ကူးထားခဲ့ပါတယ်။
တစ်ရက်မှာတော့ နာဆာက အင်ဂျင်နီယာနှစ်ယောက်ဖြစ်တဲ့ ဗင်းဆင့်ကာပူးနဲ့ မင်ဒီပါ့ခ်တို့ဟာ
ဂြိုဟ်တုက ဓာတ်ပုံတွေကို လေ့ လာနေရင်း မာ့ခ်အသက်ရှင်နေ တုန်းပဲဆိုတာ သိရှိခဲ့တာကြောင့် အဆက်အသွယ်ပြန်ရဖို့ ကြိုးပမ်း ခဲ့ကြပါတယ်။ နာဆာဒါရိုက်တာ တက်ဒီဆန်ဒါဟာ မာ့ခ်အသက် အန္တရာယ်ကြုံမှာ စိုးရိမ်တဲ့အတွက် Ares III အဖွဲ့ဝင်တွေ အကုန်လုံး ကို ဒီအကြောင်းမပြောဖို့
 ဗင်းဆင့်  တို့ကို ပြောခဲ့ပါတယ်။ မာ့ခ်က ၁၉၉၇ ကတည်းက မားစ်မှာရှိနေ တဲ့ လမ်းကြောင်းပြ
အာကာသ ယာဉ်ဟောင်းတစ်ခုကနေ ကမ္ဘာ နဲ့ အဆက်အသွယ်ရရေး ကြိုးပမ်း ခဲ့ပါတော့တယ်။
မာ့ခ်တို့ရဲ့ အဖွဲ့မှူးမစ်ခ်ျဟန် ဒါဆင်ဟာ Ares IV မားစ်ကို မလာနိုင်ခင် အာကာသယာဉ် တစ်ခုလွှတ်ပြီး မာ့ခ်ဆီကို ရိက္ခာ တွေပို့ဖို့ စီစဉ်ခဲ့ပေမယ့် လုပ်ငန်း စဉ်တချို့မှားယွင်းပြီး ယာဉ်ဟာ မလွှတ်တင်ခင် ပေါက်ကွဲသွားခဲ့ ပါတယ်။ မားစ်ပေါ်မှာလည်း ယာ ယီစခန်းက လေလုံခန်းပေါက်ကွဲ သွားပြီး မာ့ခ်စိုက်ထားတဲ့အပင် တွေ သေဆုံးကုန်တာကြောင့် ရိက္ခာပြဿနာကြုံခဲ့ရပါတယ်။
အဲဒီနောက် တရုတ်အမျိုး သား အာကာသအေဂျင်စီ (CNSA)က မားစ်ဂြိုဟ်ကို အဟုန် မြှင့်ဒုံးစက်လွှတ်တင်ဖို့ရှိတာ ကြောင့် မာ့ခ်ဆီကို ရိက္ခာတွေ ထည့်ပေးနိုင်ဖို့ နာဆာကို ကမ်း လှမ်းခဲ့ပါတယ်။ ရိက္ခာတွေလည်း ပို့သလို နာဆာဘက် အာကာသ ယာဉ်တွေလွှတ်ပြီး မာ့ခ်ကို ကယ် တင်ဖို့လည်း ကြိုးပမ်းခဲ့ပါတယ်။ လွယ်လွယ်ကူကူ သွားကယ် ဆယ်လို့မရတဲ့ မားစ်ဂြိုဟ်ပေါ် ရောက်နေတဲ့ မာ့ခ်တစ်ယောက် ဘယ်လိုအခက်အခဲတွေ ဆက် ကြုံရဦးမှာလဲ။ ကမ္ဘာမြေပေါ်ကို ကော ခြေပြန် ချခွင့်ရနိုင်ပါ့မလား ဆိုတာကို မြန်မာစာတန်းထိုးလေးနဲ့သာကိုယ်တိုင်ခံစားကြည့်ရှု လိုက်ပါဦး
မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

Blueray 720P ကို file size 540 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : မြန်မာစာတမ်းထိုး
  • Duration: 140 Minutes
  • Release Date : October 1, 2015 (Thailand)
  • IMDB Rating : 8.2/10
  • Genre : Adventure, Drama, Sci-Fi
  • Director : Ridley Scott
  • Cast : Matt Damon, Jessica Chastain, Melissa Lewis, Kristen Wiig, Kate Mara


Summary of The Martian 2015

During a manned mission to Mars, Astronaut Mark Watney is presumed dead
 after a fierce storm and left behind by his crew. But Watney has survived and
 finds himself stranded and alone on the hostile planet. With only meager
 supplies, he must draw upon his ingenuity, wit and spirit to subsist and
find a way to signal to Earth that he is alive.






How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Saturday, December 12, 2015

Bangistan (2015) မြန်မာစာတန်းထိုး


ကျနော် ကျိဖူးတဲ့ ကုလားတွေထဲက အကောင်းကားတစ်ကားလို့ဘဲ သတ်မှတ်မိပါတယ်
ဒီဇာတ်ကားဟာ အစ္စလာမ်ဘာသာတရားကို ကိုယ်ကျိုးအတွက် အသုံးချပြီး မဟုတ်မမှန်
ဝါဒဖြန့်မှုတွေကို အမှန်အတိုင်း သိမြင်အောင် စကားလုံးတွေနဲ့ ရှင်းပြထားပါတယ်
သာဘာရေးအကြမ်းဖက်သမားတွေကို လှောင်ပြောင်သရော်ထားတဲ့ ကားတွေထဲက တစ်ကား
ဆိုရင်လည်း မမှားပါဘူး။
ကျနော် အကြိုက်ဆုံး စကားလုံးက ဂျီဟာဒ် ရဲ့ အဓိပ္ပါယ်ကို ရှင်းပြထားတာပါ။
မွတ်ဆလင်တော်တော်များများရော တခြားသော ဘာသာဝင်တွေကပါ
အထူးသဖြင့် ကိုယ်ဒေ ဗုဒ္ဒဘာသာ လူတွေ ကိုင်တိုင်ကပါ လွဲမှာစွာ မှတ်ယူထားကြတာကို
ရှင်းပြထားတာပါ။ အခုက လူတိုင်း သိနေတာက ဂျီဟာဒ် ဆိုတဲ့ စကားလုံး ကြားတာနဲ့
လူမျိုးတုံးသတ်ဖြတ်ခိုင်းတာ အသေခံဗုံးခွဲခိုင်းတာ အဲလိုဘဲ မှတ်နေကြတာ
တစ်ကယ်တော့ ဂျီဟာဒ်ဆိုတာ အမြတ်တနိုး တန်ဖိုးထားရတာကို စွန့်လွှတ်ခိုင်းတာပါ။

ဇာတ်လမ်းအကျဉ်း

ဘန်ဂီစတန်ဆိုတဲ့နိုင်ငံတစ်ခု။ မြောက်ဘန်ဂီစတန်က မွတ်ဆလင်။
တောင်က ဟိန္ဒူ။ အမြဲတမ်းအပြန်အလှန်အကြမ်းဖက်မှုတွေလုပ်နေကျ။
တစ်ခါတော့နှစ်ဘက်ခေါင်းဆောင်တွေက အကြံကြီးတစ်ခုကြံတယ်။
အဲဒါကတော့ကလဲ့စားချေသွေးကြွေးဆပ်ဖို့။ မွတ်ဆလင်ဘက်ကစိတ်ထက်သန်တဲ့
လူငယ်တစ်ယောက်ရွေး။ ဟိန္ဒူကလည်းတစ်ယောက်။ ဟိန္ဒူက မွတ်ဆလင်
အယောင်ဆောင်ဖို့ကုရ်အာရန်ကျမ်းကိုလေ့လာ။ မွတ်ဆလင်က ဟိန္ဒူကျမ်းလေ့လာ။ နှစ်ဖက်ခေါင်းဆောင်တွေကကောင်းကင်ဘုံနဲ့သိမ်းသွင်း။ တားဂတ်က ပိုလန်နိုင်ငံ။
ဒီလိုနဲ့၂ယောက်သားအဆောင်တစ်ခုတည်းတည်းမိကြ။
ပိုလန်အဝင်လေဆိပ်မှာမွတ်ဆလင်တွေကိုပဲစစ်လို့ ဟိန္ဒူအယောင်ဆောင်
အစၥလာမ္ဘာသာဝင္ကလက္မခံ။ မွတ်ဆလင်ဆိုတိုင်းအကြမ်းဖက်သမားလား။ အကုန်လုံးကိုစစ်။ ဟိန္ဒူလည်းစစ်ပါဝင်ပြော။ ဒီလိုနဲ့သူတို့ရင်းနှီး။ တစ်ခါသားဘာတစ်ခုသွားတော့
မွတ်ဆလင်အစစ်က အယောင်ဆောင်ကို မင်းမွတ်ဆလင်ဖြစ်ပြီးဘာလို့အရက်သောက်မလဲပြော။
အဲဒီမှာ ၂ယောက်သားဘာသာရေးဆွေးနွေးကြ။ ဟိန္ဒူအယောင်ဆောင်သမားက သူလေ့လာထားတဲ့အတိုင်း ဟိန္ဒူဘာသာရေးကျမ်းဂီတရဲ့အနှစ်သာရအစစ်ကိုပြောသလို
မွတ်ဆလင်အယောင်ဆောင်သမားကလည်း ကုရ်အာရန်ကျမ်းသဘောအစစ်ကို
ပြောပြ။ ဂျီဟဒ်ဆိုတာ ကုရ်အာရန်မှာရုန်းကန်ခြင်း။ မကောင်းမှုကနေလွတ်မြောက်အောင်
ရုန်းကန်ခြင်းသဘော။ စတေးတာ အကြမ်းဖက်ခိုင်းတာမဟုတ်ဘူးဆိုတာရှင်ုးပြ။
နောက်တော့ သူတို့အစီအစဉ်အတိုင်းပဲ ကိုယ်စီလျှို့ဝှက်စွာဗုံးတွေလုပ်ကြတယ်။

ဒီကားဟာ ဘောလီးဝုဒ်ရဲ့ပြောင်မြောက်တဲ့သရော်ချက်တစ်ခုပါ။ ပြကွက်တွေ။
ဆက်တင်တွေ။ ဥပမာ မြောက်ခြမ်းမွတ်ဆလင်ဘက်တောင်တွေကြား
ခေါင်းဆောင်ကြီးတွေစတည်းချတဲ့ဆိုင်က အမေရိကန်စတိုင်စားသောက်ဆိုင်။
ဂုရုကြီးတွေဘာသာရေးအကြောင်းပြနိုင်ငံရေးကစားမှု။ ရုရှားနဲ့တရုတ်က
လက်နက်ရောင်းပေးတယ်။သဘောကျစရာစကားတွေအများကြီး။
ဥပမာ တရုတ်ဆိုင်ဗုံးသွားဝယ်တော့ဗုံးစမ်းလို့ရမလားမေးတယ်။
တရုတ်ကြီးက ဒါ made in china တို့ဆီမှာတော့ဖုန်းတောင်ခဏခဏ
ပေါက်တယ် ဆိုတာမျိုး။ နောက်အိဒ်နေ့အယူအဆ သိုးကိုသတ်ခိုင်းတာမဟုတ်ဘူး။
တို့တန်ဖိုးထားတဲ့အရာကိုစွန့်လွှတ်ခိုင်းတာဟာ ကိုယ်ချင်းစာတတ်အောင် ဆိုတဲ့
အမြင်။ ဒီကားဟာ Oh My God တို့PKတို့နောက် ဘာသာရေးအစွန်းရောက်
တွေကိုခပ်ပြင်းပြင်းသရော်လိုက်တဲ့ကားပါပဲ။ အိန္ဒိယနဲ့ပါကစ္စတန်ကိုရည်ညွှန်းပြီး
စိတ်ကူးယဉ်ပြယုဂ်နိုင်ငံတစ်ခုဖန်တီးထားပေမယ့် ဒါ ကမ္ဘာတစ်ခုလုံးနဲ့ဆိုင်တဲ့
ထိုးနှက်ချက်ပါ။ ရည်ရွယ်ချက်ကပြတ်သားတယ်။
ဘာသာတရားသည် လက်နက်မဟုတ်။အကြမ်းဖက်မှုသည် ဘာသာမဟုတ်။
ကိုယ်ယုံကြည်ကိုးကွယ်ရာဘာသာတရားတိုင်းရဲ့အနှစ်သာရကိုကိုယ်တိုင်သိပါ။
လေ့လာပါ။ ကျင့်ကြံပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေက
မွတ်ဆလင်ဘာသာရေးခေါင်းဆောင်အဘိုးကြီးနဲ့ ဟိန္ဒူခေါင်းဆောင်အဘိုးကြီး။
သူငယ်ချင်း၂ယောက်။ သူတို့နိုင်ငံ၂ခြမ်းကြားအဆင်ပြေမယ့်နည်းကိုရှာဖွေကြတယ်။
သူတို့ဘယ်သူတွေလဲ။ အဲဒါ ခင်ဗျားနဲ့ကျွန်တော်ပါပဲ။ ရှာပြီးဝယ်ကြည့်ပါ။
သရော်ခြင်းသဘောကိုနားလည်တယ် ခင်ဗျားမှာဖွင့်ထားတဲ့နှလုံးသားရှိတာ
သေချာရင်ပေါ့။

(ဇာတ်ကားအညွန်းကိုတော့ ကဗျာဆရာ နက္ခတ်နီရဲ့ Facebook 
စာမျက်နှာကနေ ကူးယူဖော်ပြထားပါသည်) 

မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

Blueray 720P ကို file size 500 MB နဲ့တင်ပေးထားပါတယ်။






  • Subtitle : မြန်မာစာတမ်းထိုး
  • Duration:  135 Minutes
  • Release Date : 27 January 2011
  • IMDB Rating : 4.3/10
  • Genre : Comedy
  • Director : Karan Anshuman
  • Cast : Jacqueline Fernandez, Riteish Deshmukh, Pulkit Samrat


Summary of Bangistan 2015

Two blundering terrorists with lofty ideologies, but ordinary talent,
on a mission to change the world.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Wednesday, December 9, 2015

Creed 2015 HDCAM XVID 550 MB


မကြာမီ ရက်ပိုင်းအတွင်းကမှ ရုံတင်ပြသနေတဲ့ မင်းသားကြီး ဆစ်လ်ဗက်စတာ စတားလုံးပါဝင်သရုပ်ဆောင်ထား တဲ့ အားကစားဒရာမာရုပ်ရှင်ကားကို အသစ် အသစ်မှ ကြည့်ချင်ပါတယ်ဆိုတဲ့ Movie7plus ပရိတ်သတ်များအတွက်ရုံကူး (CAM ) တွေထဲက အကောင်းဆုံးနဲ့အကြည်ဆုံးဆိုတာကို ရွေးပြီးတင်ပေးလိုက်ပါတယ်။

ဇတ်လမ်းအညွှန်း

အဒေါနစ်ဂျွန်ဆင်ဟာ ဟဲဗီး ၀ိတ်လက်ဝှေ့ချန်ပီယံအပိုလိုခရိဒ် ရဲ့ သားဖြစ်ပြီး အဒေါနစ်ရဲ့ အဖေက သူမမွေးခင်ကတည်းက လက် ဝှေ့ကြိုးဝိုင်းထဲမှာပဲ အသက်စွန့် သွားခဲ့တဲ့ အားကစားသမား
တစ်ယောက် ဖြစ်ပါတယ်။ အဒေါနစ် မှာ သူ့အဖေရဲ့ သွေးတွေစီးဝင် နေသူဖြစ်တာမို့ လက်ဝှေ့ကို
ဝါသနာပါခဲ့တာကြောင့် သူ့အဖေအပို လိုရဲ့ သမိုင်းဝင်လက်ဝှေ့ပွဲတွေ ပြုလုပ်ခဲ့ရာ ဖီလာဒေးဖီးယားကို ထွက်ခွာခဲ့ပါတယ်။ အဲဒီမှာ သူ့ အဖေရဲ့ အသိ မိတ်ဆွေတွေကို လိုက်ရှာရင်း လက်ဝှေ့ကျော် ဟောင်း ရော့ကီဘယ်လ်ဘိုအာဆို သူကို တွေ့ခဲ့ပါတယ်။အဒေါနစ်ဟာ ရော့ကီနောက်ကို နောက်ယောင်ခံလိုက်ပြီး သူ့ရဲ့နည်းပြအဖြစ် လုပ်ဆောင်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ရော့ကီဟာ ဒီလိုအတိုက်အခိုက် တွေဘ၀က အေးအေးဆေးဆေး အနားယူခဲ့ပေမယ့် အဒေါနစ်ရဲ့ ရည်မှန်းချက်နဲ့ ၀ါသနာကို သိသွားတဲ့အပြင် အပိုလိုရဲ့ သွေးသားဆို တာသိခဲ့တဲ့နောက် နည်းပြလုပ်ပေးဖို့ လက်ခံခဲ့ပြီး အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်သွားခဲ့ပါတယ်။ ရော့ကီဟာ လူငယ်ခြေတက် လက်ဝှေ့သမားလေးအဒေါနစ်ကို အကောင်းဆုံး လေ့ကျင့်ပေးခဲ့ပြီး လက်တွေ့ကြိုးဝိုင်းထဲဝင်တဲ့နေ့ကို ရောက်ခဲ့ပါတယ်။ လက်ဝှေ့ပွဲတွေရဲ့ ထုံးစံအတိုင်း ပ၀ါမကူရေ မရှူကြေးထိုးသတ်ရတဲ့အခါ အဒေါနစ်ကကောခရိဒ်မျိုးဆက်တစ် ယောက်အဖြစ် သူ့အဖေအပိုလိုခြေရာနင်းနိုင်မှာလား။ လက်ဝှေ့ ကြိုးဝိုင်းထဲက ဘ၀သရုပ်ကို ဘယ်လိုသရုပ်ဖော် တင်ဆက်ထားသလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်။ ဒီဇာတ်ကားထဲမှာ အဒေါနစ်ဂျွန်ဆင်ခရိဒ်အဖြစ် မိုက်ကယ်ဘီ ဂျော်ဒန်၊ ရောဘတ်ရော့ကီဘယ်လ်ဘိုအာအဖြစ် မင်းသားကြီး ဆစ်လ်ဗက်စတာစတားလုံး တို့က ခေါင်းဆောင် ပါဝင်ထားကြပြီး အသက်ကြီးပေမယ့် သရုပ်ဆောင်အားကောင်းနေဆဲဖြစ်တဲ့ စတားလုံးရဲ့ သရုပ်ဆောင်မှုတွေကို သဘောကျကြမယ်လို့ မျှော် လင့်ပါတယ်။
မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

HD - CAM 480P ကို file size 550 MB နဲ့တင်ပေးထားပါတယ်။

ဒေါင်းလော့မချခင် ဖတ်ဖြစ်အောင် ဖတ်ပါ။

ရုံကူး CAM version ဖြစ်တာကြောင့် ဘယ်လောက်ဘဲ ကြည်တယ်ပြောပြော
ဝါးတားတားလေးတွေတော့ ပါဦးမှာပါ။ ဒါကြောင့် ဖုန်းဘေလ် နဲ့ ဒေါင်းမည့်
သူများ သေချာ Screen shot တွေ ကျိပြီးမှ ဒေါင်း သင့်/မသင့် ဆုံးဖြတ်ပါ။
  • Subtitle : စာတမ်းထိုးမထွက်ရှိသေးပါ
  • Duration: 133  Minutes
  • Release Date : 25 November 2015 (USA)
  • IMDB Rating : 8.6/10
  • Genre : Drama, Sport
  • Director : Ryan Coogler
  • Cast : Michael B. Jordan, Sylvester Stallone, Tessa Thompson


Summary of Creed 2015

The former World Heavyweight Champion Rocky Balboa serves as a trainer and
mentor to Adonis Johnson, the son of his late friend and former rival Apollo Creed.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Thick as thieves 2009 မြန်မာစာတန်းထိုး


2009 ခုနှစ်က ထွက်ရှိခဲ့ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားကြီး
Morgan Freeman (တော်တော်များများကတော့ The Shawshank Redemption (1994)
Se7en (1995) Million Dollar Baby (2004), Wanted (2008) တို့နဲ့သူ့ကိုမှတ်မိကြပါတယ် နဲ့ ကျနော်တို့ ငယ်ငယ်က ဂီတာ မင်းသားလို့ ခေါ်ခဲ့ကြတဲ့ စပိန်မင်းသားကြီး Antonio Banderas 
တို့နှစ်ယောက် အပြိုင်အဆိုင် သရုပ်ဆောင်ထားကြတဲ့ IMDB Rating ...... 6.0 ရရှိထားတဲ့
Action, Crime, Thriller အမျိုးအစား ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

ဇတ်လမ်းအကျဉ်း

နယူးယောက်မြို့...ခိုးမှု့တွေမှာအလွန်ပြောင်မြောက်တဲ့ Keith Ripley ဆိုတဲ့ ၀ါရင့်သူခိုးကြီး တစ်ယောက်ကနေ Miami မြို့အမှောင်လောကမှာကျင်လည်တဲ့ Gabriel Martin ကို သူနဲ့ပူးပေါင်းဖို့ကမ်းလှမ်းခဲ့တယ်။ သူ့လုပ်ငန်းကတော့ လုံလုံခြုံခြုံအသေအချာသိမ်းထားတဲ့
ထူးဆန်းတဲ့ စိန်နှစ်လုံးကိုခိုးဖို့ရည်ရွယ်ချက်နဲ့ပါ။

စိန်တစ်လုံးရဲ့တန်ဖိုးကိုက မှောင်ခိုဈေးကွက်မှာတင် ဒေါ်လာသန်းနှစ်ဆယ်ထိတန်ဖိုးရှိလေတော့
Ripley က Nicky ကိုပေးရမဲ့ သူ့အကြွေးတွေအတွက် အပြီးဖြတ်နိုင်လောက်တဲ့ပမာဏလောက်ပေါ့။ Ripley မြေးမလေးပရောဂနဲ့နောက်ဆုံးတော့ Gabriel လဲအင်တင်တင်နဲ့ပူးပေါင်းဖို့လက်ခံလိုက်တယ်။

သူ့ရဲ့ ..ရဲလုပ်ငန်းမှာ စိတ်အားထက်သန်တဲ့ဗိုလ်ကြီး  Weber ဆိုတာ Ripley ကို လက်ရဖမ်းပြီးထောင်ထဲထည့်နိုင်ဖို့ ကြိုးစားလာခဲ့တာ အနှစ်နှစ်ဆယ်တောင်ရှိခဲ့ပေါ့။
ဒီတော့ကာ  သူခိုးလောကမှာ နာမည်ကြီးသူခိုးကြီးတစ်ယောက်ရယ်
သူနဲ့လက်တွဲလာတဲ့ တက်သစ်စ သွက်လက်ထက်မြက်တဲ့လူငယ်လူဆိုးတစ်ယောက်ရယ်
အနှစ်နှစ်ဆယ်ကြာဖမ်းမမိခဲ့တဲ့သူခိုးတစ်ယောက်ကို တစိုက်မတ်မတ်ဖမ်းဖို့ကြံစည်နေတဲ့ ရဲကြီးတစ်ယောက် သူတို့သုံးယောက်ကြား...အပြန်အလှန် ဥာဏ်ကစားကွက်တွေကိုတော့ ...
Thick as Thieves ဇာတ်ကားမှာ  ဟာသ အက်ရှင်ရသရောပြီးခံစားကြရမှာဖြစ်လို့ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်တယ်လို့
Movie7plus Admin Team မှ အညွှန်းပေးလိုက်ပါရစေ

မိသားစုတွေအတူတကွကြည့်ရှုနိုင်ပါတယ်။

Blueray 720P ကို file size 500 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : မြန်မာစာတမ်းထိုး
  • Duration:  107 Minutes
  • Release Date : 7 May 2009 (Thailand)
  • IMDB Rating : 6.0/10
  • Genre : Action, Crime, Thriller
  • Director : Mimi Leder
  • Cast : Rade Serbedzija, Morgan Freeman, Robert Forster, Antonio Banderas


Summary of Thick as Thieves 2009

A veteran thief recruits a younger crook to help him pull off one final job
in order to repay his debt to the Russian mob.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Monday, December 7, 2015

Resident Evil Retribution 2012 မြန်မာစာတန်းထိုး



Resident Evil စီးရီးတွဲရဲ့ နောက်ဆုံးဇာတ်ကား ဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ နံပတ် (၄) ကနေပြန်ပြီး ဆက်ထားတာတွေ့ရပါတယ်။
နံပတ် (၄) ဇာတ်ကားဖြစ်တဲ့ afterlife ရဲ့ နောက်ဆုံးခန်းဖြစ်တဲ့ သင်္ဘောကြီးပေါ်မှာ
နောက်ဆုံးအသက်ရှင်ကျန်သူသွေ အကုန်လုံး လွတ်မြောက်ပြီလို့ယူဆထားတဲ့
အချိန်မှာဘဲ .............. နောက်ထပ်ပြသနာ တစ်ခု ကြုံတွေ့ပြီးတော့
အမ်ဘရဲလားရဲ့ ထိန်းချုပ်သူတစ်ဦးဖြစ်တဲ့ ကွန်ပျူတာ အသိဥာဏ်တု A.I နဲ့
အနီရောင်ဘုရင်မ က လူသားအားလုံးကို အမြစ်ပြတ်တိုက်ခိုက်ဖို့ ဆုံးဖြတ်သော
အဆုံးသတ် တစ်ခုရဲ့ နိဒါန်းကို ........ တွေ့ကြုံရသောအခါ .............
မြန်မာစာတန်းထိုးလေးနဲ့သာ ဆက်လက်ရှုစားလိုက်ကြပါဦး
မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

Blueray 720P ကို file size 500 MB နဲ့တင်ပေးထားပါတယ်။

မှတ်ချက်။ 2008-2012 ကြားထဲမှာ အက်နီမေးရှင်းပုံစံနဲ့ ၂ ကား ထွက်ရှိထားပါတယ်။
ဒီဇာတ်လမ်းတွဲနဲ့ မသက်ဆိုင်ဘူးလို့ ပြောလို့ရသလို RE နာမည်နဲ့ဘဲ ထွက်ရှိထား
တာမို့ သက်ဆိုင်တယ်လိုလည်း ပြောလို့ရပါတယ်။ ဒီ အက်နီမေးရှင်း ၂ ကားကိုလည်း
မြန်မာစာတမ်းထိုးနဲ့ တစ်စုတစ်စည်းတည်း ဖြစ်သွားအောင် ဆက်ပြီး တင်ပေးပါမယ်။
အကုန်လုံး 7 ကား တိတိ ဖြစ်သွားတာပေါ့။ စောင့်မျှော်ကြပါဦး။

Resident Evil series တွဲရဲ့ ပထမ ဇာတ်ကား ကိုဒီနေရာ ကြည့်နိုင်ပါတယ်

Resident Evil series တွဲရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်

Resident Evil series တွဲရဲ့ တတိယမြောက် ဇာတ်ကားကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်

Resident Evil series တွဲရဲ့ စတုတ္ထမြောက် ဇာတ်ကားကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်

  • Subtitle : မြန်မာစာတမ်းထိုး
  • Duration:  96 Minutes
  • Release Date : 14 September 2012 (USA)
  • IMDB Rating : 5.4/10
  • Genre : Action, Horror, Sci-Fi
  • Director : Paul W.S. Anderson
  • Cast : Milla Jovovich, Sienna Guillory, Michelle Rodriguez


Summary of Resident Evil Retribution 2012

Alice fights alongside a resistance movement to regain her freedom from
an Umbrella Corporation testing facility.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Wednesday, December 2, 2015

Resident Evil Afterlife (2010) မြန်မာစာတန်းထိုး


Resident Evil Series တွဲရဲ့ စတုတ္ထမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့
Racoon မြို့တော်ကြီးကနေ Alice လွတ်မြောက်လာခဲ့ပြီးနောက် အသက်ရှင်ကျန်နေ
သေးတဲ့ လူသားတွေကို လေယာဉ်တစ်စီးနဲ့ ရှာဖွေရင်း...............အရေးပေါ် အသံလှိုင်း
ကနေ ထုတ်လွှင့်တဲ့ Arcadia ရောဂါကင်းစင်တဲ့နေရာ ၊ အစားအသောက်
ဆေးဝါးကုသမှုတွေ ပေးနေတဲ့ နေရာ သတင်းကို ကြားလိုက်ချိန်မှာတော့............ လိုက်လံရှာဖွေရင်း
တစ်နေရာမှာ ............. အသက်ရှင်နေသေးတဲ့ လူတစ်စု နဲ့ တွေ့ရသောအခါ........
ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ........ မြန်မာစာတမ်းထိုးလေးနဲ့သာ ဆက်လက်
ရှုစားလိုက်ကြပါဦး .........

Blueray 720P ကို file size 500 MB နဲ့တင်ပေးထားပါတယ်။

Resident Evil series တွဲရဲ့ ပထမ ဇာတ်ကား ကိုဒီနေရာ ကြည့်နိုင်ပါတယ်

Resident Evil series တွဲရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်

Resident Evil series တွဲရဲ့ တတိယမြောက် ဇာတ်ကားကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်

@>>> မှတ်ချက် <<<@

Movie7plus ရဲ့ အမာခံပရိတ်သတ်များကနေပြီးတော့ စာတမ်းထိုး စာလုံး
အဖြူရောင်ဖြစ်နေတာ စာလုံးတွေ သေးနေတာကို ပြင်ဆင်ပေးဖို့ တောင်းဆိုထားပါတယ်။
အခု အတတ်နိုင်ဆုံး ပြင်ဆင်ပေးထားပါတယ်။ စာလုံးအေ၇ာင် အ၀ါကို အပြာရောင် အနားကွပ် ၊ စာလုံးဆိုဒ်အကြီး နဲ့ ပြင်ဆင်ပေးထားပါတယ်။ နမူနာ ပုံလေးတွေပါ ထည့်ပေးထားပါတယ်။
အခု လက်၇ှိအနေအထားအဆင်ပြေတယ်ဆိုရင် ဒါမှမဟုတ် လိုအပ်နေသေးတယ်ဆိုရင်
Facebook page အောက်မှာဖြစ်ဖြစ် blog post မှာဖြစ်ဖြစ် CMT လေး ပြန်ပေးခဲ့ပါဦး..........






  • Subtitle : မြန်မာစာတမ်းထိုး
  • Duration: 94 Minutes
  • Release Date : 21 September 2010 (USA)
  • IMDB Rating : 6.3/10
  • Genre :  Action, Horror, Sci-Fi
  • Director : Russell Mulcahy
  • Cast : Milla Jovovich, Ali Larter, Oded Fehr


Summary of Resident Evil Afterlife 2010

While still out to destroy the evil Umbrella Corporation, Alice joins a group
of survivors living in a prison surrounded by the infected who also want to
relocate to the mysterious but supposedly unharmed safe haven
known only as Arcadia.

How To Download (ဒေါင်းလော့ချနည်း)

  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

Movie7plus Facebook Page

Disclaimer

Movie7plus is not associated with Fmovies,
123movies, Putlocker, Xmovies8, Online
movies, Watchfree sites. We do not host
any videos on movie7plus. Movie7plus
is absolutely legal and contains only links
to other third party sites like Youtube,
Uptobox, Mediafire, Google, Picasaweb,
Dailymotion. Movie7plus is not responsible
for the compliance, copyright, legality,
decency, or any other aspect of the content
of other linked sites.If you have any legal
issues please contact the appropriate
media file owners or linked hosting websites.