Saturday, December 12, 2015

Bangistan (2015) မြန်မာစာတန်းထိုး


ကျနော် ကျိဖူးတဲ့ ကုလားတွေထဲက အကောင်းကားတစ်ကားလို့ဘဲ သတ်မှတ်မိပါတယ်
ဒီဇာတ်ကားဟာ အစ္စလာမ်ဘာသာတရားကို ကိုယ်ကျိုးအတွက် အသုံးချပြီး မဟုတ်မမှန်
ဝါဒဖြန့်မှုတွေကို အမှန်အတိုင်း သိမြင်အောင် စကားလုံးတွေနဲ့ ရှင်းပြထားပါတယ်
သာဘာရေးအကြမ်းဖက်သမားတွေကို လှောင်ပြောင်သရော်ထားတဲ့ ကားတွေထဲက တစ်ကား
ဆိုရင်လည်း မမှားပါဘူး။
ကျနော် အကြိုက်ဆုံး စကားလုံးက ဂျီဟာဒ် ရဲ့ အဓိပ္ပါယ်ကို ရှင်းပြထားတာပါ။
မွတ်ဆလင်တော်တော်များများရော တခြားသော ဘာသာဝင်တွေကပါ
အထူးသဖြင့် ကိုယ်ဒေ ဗုဒ္ဒဘာသာ လူတွေ ကိုင်တိုင်ကပါ လွဲမှာစွာ မှတ်ယူထားကြတာကို
ရှင်းပြထားတာပါ။ အခုက လူတိုင်း သိနေတာက ဂျီဟာဒ် ဆိုတဲ့ စကားလုံး ကြားတာနဲ့
လူမျိုးတုံးသတ်ဖြတ်ခိုင်းတာ အသေခံဗုံးခွဲခိုင်းတာ အဲလိုဘဲ မှတ်နေကြတာ
တစ်ကယ်တော့ ဂျီဟာဒ်ဆိုတာ အမြတ်တနိုး တန်ဖိုးထားရတာကို စွန့်လွှတ်ခိုင်းတာပါ။

ဇာတ်လမ်းအကျဉ်း

ဘန်ဂီစတန်ဆိုတဲ့နိုင်ငံတစ်ခု။ မြောက်ဘန်ဂီစတန်က မွတ်ဆလင်။
တောင်က ဟိန္ဒူ။ အမြဲတမ်းအပြန်အလှန်အကြမ်းဖက်မှုတွေလုပ်နေကျ။
တစ်ခါတော့နှစ်ဘက်ခေါင်းဆောင်တွေက အကြံကြီးတစ်ခုကြံတယ်။
အဲဒါကတော့ကလဲ့စားချေသွေးကြွေးဆပ်ဖို့။ မွတ်ဆလင်ဘက်ကစိတ်ထက်သန်တဲ့
လူငယ်တစ်ယောက်ရွေး။ ဟိန္ဒူကလည်းတစ်ယောက်။ ဟိန္ဒူက မွတ်ဆလင်
အယောင်ဆောင်ဖို့ကုရ်အာရန်ကျမ်းကိုလေ့လာ။ မွတ်ဆလင်က ဟိန္ဒူကျမ်းလေ့လာ။ နှစ်ဖက်ခေါင်းဆောင်တွေကကောင်းကင်ဘုံနဲ့သိမ်းသွင်း။ တားဂတ်က ပိုလန်နိုင်ငံ။
ဒီလိုနဲ့၂ယောက်သားအဆောင်တစ်ခုတည်းတည်းမိကြ။
ပိုလန်အဝင်လေဆိပ်မှာမွတ်ဆလင်တွေကိုပဲစစ်လို့ ဟိန္ဒူအယောင်ဆောင်
အစၥလာမ္ဘာသာဝင္ကလက္မခံ။ မွတ်ဆလင်ဆိုတိုင်းအကြမ်းဖက်သမားလား။ အကုန်လုံးကိုစစ်။ ဟိန္ဒူလည်းစစ်ပါဝင်ပြော။ ဒီလိုနဲ့သူတို့ရင်းနှီး။ တစ်ခါသားဘာတစ်ခုသွားတော့
မွတ်ဆလင်အစစ်က အယောင်ဆောင်ကို မင်းမွတ်ဆလင်ဖြစ်ပြီးဘာလို့အရက်သောက်မလဲပြော။
အဲဒီမှာ ၂ယောက်သားဘာသာရေးဆွေးနွေးကြ။ ဟိန္ဒူအယောင်ဆောင်သမားက သူလေ့လာထားတဲ့အတိုင်း ဟိန္ဒူဘာသာရေးကျမ်းဂီတရဲ့အနှစ်သာရအစစ်ကိုပြောသလို
မွတ်ဆလင်အယောင်ဆောင်သမားကလည်း ကုရ်အာရန်ကျမ်းသဘောအစစ်ကို
ပြောပြ။ ဂျီဟဒ်ဆိုတာ ကုရ်အာရန်မှာရုန်းကန်ခြင်း။ မကောင်းမှုကနေလွတ်မြောက်အောင်
ရုန်းကန်ခြင်းသဘော။ စတေးတာ အကြမ်းဖက်ခိုင်းတာမဟုတ်ဘူးဆိုတာရှင်ုးပြ။
နောက်တော့ သူတို့အစီအစဉ်အတိုင်းပဲ ကိုယ်စီလျှို့ဝှက်စွာဗုံးတွေလုပ်ကြတယ်။

ဒီကားဟာ ဘောလီးဝုဒ်ရဲ့ပြောင်မြောက်တဲ့သရော်ချက်တစ်ခုပါ။ ပြကွက်တွေ။
ဆက်တင်တွေ။ ဥပမာ မြောက်ခြမ်းမွတ်ဆလင်ဘက်တောင်တွေကြား
ခေါင်းဆောင်ကြီးတွေစတည်းချတဲ့ဆိုင်က အမေရိကန်စတိုင်စားသောက်ဆိုင်။
ဂုရုကြီးတွေဘာသာရေးအကြောင်းပြနိုင်ငံရေးကစားမှု။ ရုရှားနဲ့တရုတ်က
လက်နက်ရောင်းပေးတယ်။သဘောကျစရာစကားတွေအများကြီး။
ဥပမာ တရုတ်ဆိုင်ဗုံးသွားဝယ်တော့ဗုံးစမ်းလို့ရမလားမေးတယ်။
တရုတ်ကြီးက ဒါ made in china တို့ဆီမှာတော့ဖုန်းတောင်ခဏခဏ
ပေါက်တယ် ဆိုတာမျိုး။ နောက်အိဒ်နေ့အယူအဆ သိုးကိုသတ်ခိုင်းတာမဟုတ်ဘူး။
တို့တန်ဖိုးထားတဲ့အရာကိုစွန့်လွှတ်ခိုင်းတာဟာ ကိုယ်ချင်းစာတတ်အောင် ဆိုတဲ့
အမြင်။ ဒီကားဟာ Oh My God တို့PKတို့နောက် ဘာသာရေးအစွန်းရောက်
တွေကိုခပ်ပြင်းပြင်းသရော်လိုက်တဲ့ကားပါပဲ။ အိန္ဒိယနဲ့ပါကစ္စတန်ကိုရည်ညွှန်းပြီး
စိတ်ကူးယဉ်ပြယုဂ်နိုင်ငံတစ်ခုဖန်တီးထားပေမယ့် ဒါ ကမ္ဘာတစ်ခုလုံးနဲ့ဆိုင်တဲ့
ထိုးနှက်ချက်ပါ။ ရည်ရွယ်ချက်ကပြတ်သားတယ်။
ဘာသာတရားသည် လက်နက်မဟုတ်။အကြမ်းဖက်မှုသည် ဘာသာမဟုတ်။
ကိုယ်ယုံကြည်ကိုးကွယ်ရာဘာသာတရားတိုင်းရဲ့အနှစ်သာရကိုကိုယ်တိုင်သိပါ။
လေ့လာပါ။ ကျင့်ကြံပါ။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေက
မွတ်ဆလင်ဘာသာရေးခေါင်းဆောင်အဘိုးကြီးနဲ့ ဟိန္ဒူခေါင်းဆောင်အဘိုးကြီး။
သူငယ်ချင်း၂ယောက်။ သူတို့နိုင်ငံ၂ခြမ်းကြားအဆင်ပြေမယ့်နည်းကိုရှာဖွေကြတယ်။
သူတို့ဘယ်သူတွေလဲ။ အဲဒါ ခင်ဗျားနဲ့ကျွန်တော်ပါပဲ။ ရှာပြီးဝယ်ကြည့်ပါ။
သရော်ခြင်းသဘောကိုနားလည်တယ် ခင်ဗျားမှာဖွင့်ထားတဲ့နှလုံးသားရှိတာ
သေချာရင်ပေါ့။

(ဇာတ်ကားအညွန်းကိုတော့ ကဗျာဆရာ နက္ခတ်နီရဲ့ Facebook 
စာမျက်နှာကနေ ကူးယူဖော်ပြထားပါသည်) 

မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

Blueray 720P ကို file size 500 MB နဲ့တင်ပေးထားပါတယ်။






  • Subtitle : မြန်မာစာတမ်းထိုး
  • Duration:  135 Minutes
  • Release Date : 27 January 2011
  • IMDB Rating : 4.3/10
  • Genre : Comedy
  • Director : Karan Anshuman
  • Cast : Jacqueline Fernandez, Riteish Deshmukh, Pulkit Samrat


Summary of Bangistan 2015

Two blundering terrorists with lofty ideologies, but ordinary talent,
on a mission to change the world.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

0 comments:

Post a Comment

Movie7plus Facebook Page

Disclaimer

Movie7plus is not associated with Fmovies,
123movies, Putlocker, Xmovies8, Online
movies, Watchfree sites. We do not host
any videos on movie7plus. Movie7plus
is absolutely legal and contains only links
to other third party sites like Youtube,
Uptobox, Mediafire, Google, Picasaweb,
Dailymotion. Movie7plus is not responsible
for the compliance, copyright, legality,
decency, or any other aspect of the content
of other linked sites.If you have any legal
issues please contact the appropriate
media file owners or linked hosting websites.