Friday, January 15, 2016

Gone with the Wind (1939) [လေရူးသုန်သုန်] မြန်မာစာတန်းထိုး


ဆေးရောင်စုံ ပန်းချီကားတစ်ချပ် ပမာ သမိုင်းကြောင်း နောက်ခံဖြစ်ရပ်မှန်တွေနဲ့ ရောထွေးခြယ်မှုန်းထားတဲ့ အမေရိကန် စာရေးဆရာမကြီး Margaret Mitchell ရဲ့ နာမည်ကျော် ၀တ္တူကြီးဖြစ်တဲ့ Gone With The Wind ကို မူရင်းစာအုပ်နာမည်အတိုင်း ရိုက်ကူးထားတဲ့ ကမ္ဘာကျော်ဇတ်ကားကြီး တစ်ကား ၊

အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ထက်မြက်ပြတ်သားလှတဲ့ စကားလက် လို့အမည်ရတဲ့ မိန်းမငယ်လေးတစ်ယောက် ၊မွေးကတည်းက လိုတရလို့ဆိုရလောက်အောင် ပြည့်စုံကြွယ်ဝတဲ့ မိသားစုအသိုင်းအ၀ိုင်းမှာ အခြွေအရံတွေနဲ့အပူအပင် ကင်းမဲ့စွာ နေထိုင်ခဲ့ရတဲ့ စကားလက် ၊ အမေရိကန်မှာ ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာခဲ့တဲ့အချိန်မှာတော့ အရာရာဟာ ပြောင်းပြန် မြေလှန်ပစ်လိုက်သလိုမျိုး .......... ဘ၀မှာ ပင်ပန်းမှု ဆင်းရဲမှု .......တွေကို လက်တွေ့
ကျကျ သိမြင်ကြုံတွေ့ရတဲ့အခါ ........မိန်းမပျို တစ်ယောက်ပင် ဖြစ်လင့်ကစား ဘ၀ကို
အရှုံးမပေး ကြံကြံခံရင်ဆိုင်ဖြတ်သန်းရပုံကို ........ ဖေါ်ကျူးထားတဲ့ ဇာတ်ကားတစ်ကား
အော်စကာဆု (၈)ဆုအပါအ၀င် ဆုတံဆိပ်ပေါင်း(17) ဆုရရရှိခဲ့တဲ့ ဇာတ်ကားတစ်ကား ၊
IMDB Rating 8.2/10 ရရှိထားပြီး IMDB ရဲ့ အကောင်းဆုံး ဇာတ်ကား 250 စာရင်းမှာ
အဆင့် 153 နဲ့ရပ်တည်နေတဲ့ ဇတ်ကားတစ်ကား

ဇာတ်ကားတစ်ကား ဘယ်လောက်လောက်ကောင်းကောင်း
မူရင်း ၀တ္ထူကိုတော့ မမှီဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့်လည်း
အခုဇာတ်ကားကတော့ မူရင်း ၀တ္ထူကို မမှီခဲ့ရင်တောင်မှ
မူရင်း အရသာကို အပြည့်အ၀နီးပါး
ခံစားနိုင်မယ့် ဇာတ်ကား တစ်ကားလို့ဘဲ ညွှန်းချင်ပါတယ်။

ဒီစာအုပ်ကိုဘဲ ဆရာကြီး မြသန်းတင့် က လေရူးသုန်သုန် ဆိုတဲ့ နာမည်နဲ့
ဘာသာပြန် ခဲ့ပါတယ်။ ဘာသာပြန်လောကမှာ ဆရာတစ်ဆူ လို့ သတ်မှတ်လို့ရတဲ့ ၊ လက်ချိုးရေတွက်လို့ရတဲ့ ဘာသာပြန်ဆရာတွေထဲက ဆရာတစ်ယောက် ဘာသာပြန်ဖူးတဲ့
 စာအုပ်ကို(ရုပ်ရှင်ကို) ၊ ကျနော့်တို့လို ဘာအဆင့်မှမရှိတဲ့ ၀ါသနာအရ ချောက်တီးချောက်ချက် ဘာသာပြန်ဇာတ်ကားလေးတွေ တင်ပေးနေတဲ့ လူတစ်ယောက်က ဘာသာပြန်ဖို့
စဉ်းစားမိတော့ တော်တော်လေးကို မ၀ံ့မရဲဖြစ်မိပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ အနေနဲ့
အတတ်နိုင်ဆုံး ကြိုးစားပြီး ကျနော့်ရဲ့ (15-1-2016) မှာကျရောက်တဲ့ မွေးနေ့အမှတ်တရ အနေနဲ့ movie7plus ကို အားပေးကြတဲ့ ပရိတ်သတ်များကို တစ်ခုခု လက်ဆောင် ပြန်ပေးချင်တဲ့ အနေနဲ့ ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးဘဲ စိတ်ချမ်းသာကြမယ်လို့လဲ ယုံကြည်ပါတယ်။

ဘာသာပြန်အမှားအယွင်း လိုအပ်ချက်များ ရှိပါကလည်း (အများကြီးရှိမှာပါ)
ကျနော်တို့ရဲ့ မတောက်တခေါက် ဘာသာပြန်အရည်အချင်း ညံ့ဖျင်းမှုသာ ဖြစ်ပါကြောင်း

မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

Blueray 720P ကို file size 1.3 GB နဲ့တင်ပေးထားပါတယ်။
  &  
Blueray 360P ကို file size 880 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : မြန်မာစာတမ်းထိုး
  • Duration: 238 Minutes
  • Release Date : 17 January 1940 (USA)
  • IMDB Rating : 8.2/10
  • Genre : Drama, Romance, War
  • Director : Victor Fleming, George Cukor (uncredited)
  • Cast : Clark Gable, Vivien Leigh, Thomas Mitchell


Summary of Gone with the Wind (1939)

A manipulative Southern belle carries on a turbulent affair
with a blockade runner during the American Civil War.

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က pcloud ပုံလေးကို ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 စက္ကန့် " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နားက "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



   WATCH AND DOWNLOAD FROM PCLOUD  
   HD 720P With 1.3 GB (1300 MB)


   WATCH AND DOWNLOAD FROM PCLOUD  
   HD 360P With 880 MB  




ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

0 comments:

Post a Comment

Movie7plus Facebook Page

Disclaimer

Movie7plus is not associated with Fmovies,
123movies, Putlocker, Xmovies8, Online
movies, Watchfree sites. We do not host
any videos on movie7plus. Movie7plus
is absolutely legal and contains only links
to other third party sites like Youtube,
Uptobox, Mediafire, Google, Picasaweb,
Dailymotion. Movie7plus is not responsible
for the compliance, copyright, legality,
decency, or any other aspect of the content
of other linked sites.If you have any legal
issues please contact the appropriate
media file owners or linked hosting websites.