Wednesday, September 2, 2015

Helios 2015 (Chinese) BRRip 720P 690 MB



သည်းထိတ်ရင်ဖို မှုခင်းအက်ရှင်ဇာတ်ကား နှစ်သက်တဲ့ ပရိသတ်တွေအတွက် ဟောင်ကောင် အက်ရှင် ဇာတ်ကားလေးကို ဒီနေ့အတွက် ရွေးချယ်ထားပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်ကဟောင်ကောင်၊တရုတ် ပြည်မကြီး၊ တိုင်ပေနဲ့ တောင်ကိုရီးယား သရုပ် ဆောင်တွေ တစုတစည်းတည်း ပါဝင်ထားတာပဲဖြစ်ပါ တယ်။

တောင်ကိုရီးယား အစိုးရက အလိုရှိနေတဲ့ ထိပ်တန်း ဒုစရိုက်ကောင် Helios ဆိုသူနဲ့ သူ့ လက်ထောက် Messenger တို့ဟာ တောင်ကိုရီးယားစစ်တပ်က လျှို့ ဝှက်တီထွင်ထားတဲ့ နျူကလီးယား ဓာတုလက်နက် ငယ် DC 8 ကို အကြမ်းထည် ပစ္စည်း ၁၆ ခုနဲ့ အတူ အောင်မြင်စွာခိုးယူသွားခဲ့ပါ တယ်။ Helios ဟာ အဲဒီ လက်နက် ကို ဟောင်ကောင်မှာ မှောင်ခို ရောင်းဝယ်မယ်ဆိုတဲ့သတင်း အရ ဟောင်ကောင်၊ တရုတ်ပြည် မကြီးနဲ့ တောင်ကိုရီးယား ရဲဌာနချုပ်တွေက ဖြန့်ကြက် ရှာဖွေစုံစမ်းပါတော့တယ်။

အဲဒီကိစ္စကို ဖြေရှင်းဖို့ အတွက် ဟောင်ကောင်မှာအရေးပေါ်တပ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီးအဖွဲ့ထဲမှာဟောင်ကောင်
မှုခင်းနှိမ်နင်း ရေးအဖွဲ့က စုံထောက်အကြီးအကဲ လီယင်းမင်၊ တရုတ်ပြည်မကြီးက အစိုးရအရာရှိ ဆောင်အန်း၊ တောင်ကိုရီးယားလက်နက်ကျွမ်း ကျင်ပညာရှင်နှစ်ယောက်ဖြစ်တဲ့ ချွိုင်မင်ဟိုနဲ့ ပါ့ခ်ဝူချွဲ တို့ပါဝင်ပြီး Helios ခိုးသွားတဲ့ လက်နက်ကို ခြေရာခံ စုံစမ်းခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးအတွက် အကြံပေး အဖြစ် ဟောင်ကောင်တက္ကသိုလ် က ရူပဗေဒပါမောက္ခ စွေ့ချီရန်ကို လည်း လီယင်းမင်က ဖိတ်ကြား ပါဝင်စေခဲ့ပါတယ်။

လက်နက်ပညာရှင် ချွိုင်က Helios ကို အမြန်ဖမ်းမိပြီး DC 8 ကိုပြန်သိမ်းကာ တောင်ကိုရီးယား စစ်တပ်ရဲ့ လျှို့ဝှက်စမ်းသပ်မှုကို မပေါက်ကြားအောင်လုပ်ချင်သလို တရုတ်အစိုးရအရာရှိ ဆောင်အန်းကတော့တရုတ် နိုင်ငံတစ်လွှားက ရာဇဝတ်မှုတွေချုပ် ငြိမ်းစေဖို့ ရည်ရွယ်ထားပြီး ဟောင်ကောင်ဘက်က စုံထောက်လီနဲ့ ပါမောက္ခ စွေ့ တို့ကတော့ ဟောင်ကောင်မှုခင်းနှိမ်နင်းရေးအဖွဲ့ရဲ့ ဖိအားပေးမှုကို ကျော်လွှားဖို့အတွက် ရည်ရွယ်ချက်ကိုယ်စီနဲ့ Helios ရှာဖွေမှုတွေ လုပ်ခဲ့ကြပါတယ်။

အချိန်နဲ့မလပ် စုံစမ်းစစ်ဆေးခဲ့တာကြောင့် တစ်ရက်မှာတော့ Messenger ကိုဖမ်းမိခဲ့ပြီး DC 8 ဟာ ဟောင် ကောင်ရဲဌာန လက်ထဲမှာရောက်နေတာကြောင့် တရုတ်ပြည်မကြီးနဲ့တောင်ကိုရီးယားတို့ကလည်းလက်နက် ရရှိရေး အတွက် အချင်းချင်း တိုက်ခိုက်တာမျိုးတွေ ဖြစ်လာပါတော့တယ်။ အဲဒါနဲ့ တခြားတစ်ဖက်မှာတော့ 
Helios ဟာ မကာအိုဘက်မှာပေါ်လာပြီး လက်တုံ့ပြန်ကာ DC 8 ကိုပြန်ခိုးယူနိုင်ဖို့ စီစဉ်နေတာကြောင့်နိုင်ငံ စုံ အထူးတပ်ဖွဲ့နဲ့ Helios ဘယ်လိုရင်ဆိုင်ရဦးမှာလဲ။DC8ထပ်ပြီးအခိုးခံရဦးမှာလားဆိုတာတော့ကိုယ်တိုင်ပဲ ဆက်ကြည့်လိုက်ပါဦး။ ဒီဇာတ်ကားထဲမှာ ဂျက်ကီချွမ်၊ နစ်ခ်ချွမ်၊ ဝမ်ရွှယ်ချီ၊ ချန်ချန်း၊ ဂျီဂျင်ဟီး၊ ချွိုင်ဆီဝန် စတဲ့ သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ မိသားစုနဲ့အတူတကွကြည့်ရှုနိုင်ပါတယ်။


 BRrip 720P ကို file size 690 MB နဲ့ တင်ပေးထားပါတယ်။

  • Subtitle : English
  • Duration: 118 Minutes
  • Release Date : 1 May 2015
  • Production : -
  • Genre : Action | Crime | Fantasy
  • Director : Lok Man Leung
  • Cast : Jacky Cheung, Nick Cheung, Shawn Yue


Summary of Helios

A portable nuclear device, DC8, has been stolen from South Korea by a ruthless criminal (Chang Chen) and his accomplice (Janice Man). As the weapon will change hands in Hong Kong, Lee (Nick Cheung) from the territory's Counter Terrorism Response Unit sets up a task force, which includes police officer Fan (Shawn Yue), to deal with the crisis. He enlists physics professor Siu (Jacky Cheung) as an adviser and has to work with South Korean weapon experts Choi (Ji Jin Hee) and Pok (Choi Si Won). Despite their efforts, the elusive criminal mastermind, Helios, is always a step ahead of Lee.

PCLOUD ကနေဒေါင်းရတာအဆင်မပြေရင် ဒီနေရာလေးကိုနှိပ်ပြီး ဖတ်ပေးပါ။ ပုံနဲ့ရှင်းပြထားပါတယ်။

How To Download


  • **  Step-1.အောက်က Download Here ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 sec " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နား "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud (or) Uptobox Download Link ကျလာပါလိမ့်မယ်။

အင်္ဂလိပ်စာတမ်းထိုးဖိုင် ဒီနေရာကိုနှိပ်ပြီးဒေါင်းပါ။

WATCH AND DOWNLOAD FROM PCLOUD

Share:

0 comments:

Post a Comment

Movie7plus Facebook Page

Blog Archive

Disclaimer

Movie7plus is not associated with Fmovies,
123movies, Putlocker, Xmovies8, Online
movies, Watchfree sites. We do not host
any videos on movie7plus. Movie7plus
is absolutely legal and contains only links
to other third party sites like Youtube,
Uptobox, Mediafire, Google, Picasaweb,
Dailymotion. Movie7plus is not responsible
for the compliance, copyright, legality,
decency, or any other aspect of the content
of other linked sites.If you have any legal
issues please contact the appropriate
media file owners or linked hosting websites.