Wednesday, September 30, 2015

Hotel Transylvania 2 HD CAM 480P 350 MB


မြို့စားကြီး ဒရယ်ကူလာရဲ့သမီး မာဗစ်ဟာ သူ့ချစ်သူဂျော်နီနဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် ဒန်းနစ်ဆိုတဲ့သားငယ်လေးရခဲ့ပါတယ်။ ဒန်းနစ်ရဲ့အဖော်ကတော့ သမန်းဝံပုလွေလေးဝင်နီဖြစ်ပြီး ဒန်းနစ်ဘယ်သွားသွားအမြဲပါပါ တယ်။ ဒန်းနစ်ဟာ(၅)နှစ်ပြည့်ခါနီးပေမယ့် အစွယ်မပေါက်သေးတာကြောင့် အဘိုးဖြစ်တဲ့ မြို့စားကြီးဒရယ်ကူလာဟာ သူ့မြေးလင်းနို့စစ်စစ်မဖြစ်မှာကို စိုးရိမ်ခဲ့ပါတယ်။ သူတို့တွေနေထိုင်တဲ့ ထရန်ဆယ်ဗေးနီးယားမှာ ဒန်းနစ်အတွက် အန္တရာယ်တွေ့ကြုံနိုင်တာမို့ ဂျော်နီ့မွေးရပ်မှာ ကလေးကိုကြီးပြင်းစေဖို့ မာဗစ်စဉ်းစားခဲ့ပါတယ်။

ဒီလိုနဲ့ မာဗစ်နဲ့ ဂျော်နီဟာ ဂျော်နီမိဘတွေဖြစ်တဲ့ မိုက်နဲ့လင်ဒါရှိရာ ကယ်လီဖိုးနီးယားကို ခရီးထွက်ခဲ့ပြီး ဒန်းနစ်ကိုတော့ သူ့အဘိုးနဲ့ ထားခဲ့တာပါ။ ဘိုးဘိုးဒရက်ကူလာဟာ သူ့သမီးနဲ့ သမက်ခရီး သွားနေတုန်း သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဖရန့်၊ ဘလော့ဘ်၊ သမန်းဝံပုလွေ၊ ကိုယ်ပျောက်လူသားဂရစ်ဖင်၊ မံမီမာရေးတို့နဲ့အတူ သူ့ မြေးဒန်းနစ်ဗန်ပိုင်ယာဖြစ်ဖို့အရေးလေ့ကျင့်ခဲ့ပါတယ်။

ဘိုးဘိုးဒရယ်ကူလာဟာသူ ငယ်ငယ်က အပျံလေ့ကျင့်ခဲ့သလို တောင်ကုန်းအမြင့်ကြီးတစ်ခုပေါ်ကို ဒန်းနစ်ကိုခေါ်သွားခဲ့ပြီး လူစုံတက်စုံတက်ကြပြီးတဲ့သကာလ ကလေးကို လွှတ်ချခဲ့ပါတယ်။ ဒန်း နစ်က မပျံနိုင်တာကြောင့် ပြုတ် ကျလုနီးနီးအချိန်မှာ ဘိုးဘိုးဒရက် ပြန်ကယ်နိုင်ခဲ့ပါတယ်။ အဲဒီစ တန့်ဗီဒီယို အင်တာနက်မှာပျံ့ခဲ့ တာကြောင့် မာဗစ်တို့တွေ့သွား ပြီး ထရန်ဆယ်ဗေးနီးယားကို အ မြန်ပြန်ခဲ့ရပါတယ်။ ဒန်းနစ်က ဗိုင် ပိုင်ယာတစ်ကောင်မဟုတ်ဘဲ လူသားတစ်ဦးသာဖြစ်တဲ့အကြောင်း မာဗစ်က သူ့အဖေကို ရှင်းပြခဲ့ပြီး ဒန်းနစ်ရဲ့ (၅)နှစ်ပြည့်မွေးနေ့လုပ်တဲ့အချိန်မှာ ထရန်ဆယ်ဗေးနီးယားဟိုတယ်အပြင်မှာ နေပေးဖို့ ကတိတောင်းခဲ့ပါတယ်။

ဒန်းနစ်ရဲ့ (၅)နှစ်ပြည့်မွေးနေ့ပါတီကို မာဗစ်က သူ့အဘိုး ဗီလက် (မြို့စားကြီးဒရက်ကူလာရဲ့ဖခင်) ကို ဖိတ်ကြားခဲ့ပါတယ်။ မာဗစ်ကို ကတိပေးခဲ့ပေမယ့်လည်း ဘိုးဘိုးဒရက်က သတ္တ၀ါကြီးအယောင်ဆောင်ပြီး မွေးနေ့ပွဲလာခဲ့ပါတယ်။ မြစ်ကလေးကို တွေ့ဖို့လာတဲ့ ဗီလက်ဟာသူ့ရဲ့ လက်ပါးစေ လင်းနို့ဘယ်လာကိုပါခေါ်ဆောင်လာခဲ့ပြီး လူသားတွေကိုမုန်းတဲ့ ဘယ်လာက ဒန်းနစ်ကို ကြည့်မရဖြစ်ပြီး လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။ ဒန်းနစ်ဟာသူ့အချစ်တော်ဝင်နီနဲ့အတူထွက်ပြေးခဲ့ပြီး ဘယ်လာကြောင့် ၀င်နီအပြင်းအထန် ဒဏ်ရာရသွားတဲ့အခါ ဒန်းနစ်လေးဟာအစွယ်တွေထွက်လာပြီး ဗန်ပိုင်ယာတို့ရဲ့ အစွမ်းသတ္တိတွေပါရလာကာ ဘယ်လာကိုပြန်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် ဘယ်လာဟာ ဂျော်နီကိုပါတိုက် ခိုက်ဖို့ ကြိုးပမ်းတဲ့အခါမှာတော့ မိသားစုတွေဘယ်လိုကာကွယ်ကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလိုက်ပါဦး။မိသားစုတွေအတူတကွ ကြည့်ရှုနိုင်ပါတယ်။

HD CAM 480P ကို file size 350 MB နဲ့တင်ပေးထားပါတယ်။

  • Subtitle : စာတမ်းထိုး မရှိသေးပါ။
  • Duration: 89 Minutes
  • Release Date : 27 January 2011
  • IMDB Rating : 7.3/10 (2510894)
  • Genre : Animation | Comdy | Family
  • Director : Genndy Tartakovsky
  • Cast : Adam Sandler, Andy Samberg, Selena Gomez 


Summary of Hotel Transylvania 2

Dracula and his friends try to bring out the monster in his half human, half vampire grandson in order to keep Mavis from leaving the hotel.

PCLOUD ကနေဒေါင်းရတာအဆင်မပြေရင် ဒီနေရာလေးကိုနှိပ်ပြီး ဖတ်ပေးပါ။ ပုံနဲ့ရှင်းပြထားပါတယ်။

How To Download (ဒေါင်းလော့ချနည်း)


  • **  Step-1.အောက်က Download Here ကိုနှိပ်လိုက်ပါ။

  • **  Step-2. " 5 sec " လောက်စောင့်ပေးပါ။

  • **  Step-3. ညာဘက်အပေါ်ထောင့်နား "<< SKIP AD >>" ကိုနှိပ်ပေးပါ။

  • **  Step-4. Pcloud Download Link ကျလာပါလိမ့်မယ်။



WATCH AND DOWNLOAD FROM PCLOUD



ကျေးဇူးတင်ပါတယ်

Movie7plus Admin Team
Share:

0 comments:

Post a Comment

Movie7plus Facebook Page

Blog Archive

Disclaimer

Movie7plus is not associated with Fmovies,
123movies, Putlocker, Xmovies8, Online
movies, Watchfree sites. We do not host
any videos on movie7plus. Movie7plus
is absolutely legal and contains only links
to other third party sites like Youtube,
Uptobox, Mediafire, Google, Picasaweb,
Dailymotion. Movie7plus is not responsible
for the compliance, copyright, legality,
decency, or any other aspect of the content
of other linked sites.If you have any legal
issues please contact the appropriate
media file owners or linked hosting websites.